နယူးဒေလီ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်အတွင်း ဂီရိမုန်တိုင်းသင့် ဒေသများ စားနပ်ရိက္ခာအတွက် အမေရိကန်အစိုးရက ဒေါ်လာတသန်းခွဲဖိုး ကူညီမည်ဟု ရန်ကုန်ရှိ အမေရိကန်သံရုံးက ယနေ့ ထုတ်ပြန်ကြေညာသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်းမုန်တိုင်းသင့် ဒေသခံများအတွက် စားနပ်ရိက္ခာ ဝယ်ယူရန် ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ် WFP သို့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဌာန USAID က ဒေါ်လာတသန်းခွဲအား ပေးအပ်မှာဖြစ်သည်ဟု ဆိုသည်။
ဤသည်မှာ ဂီရိသင့်ဒေသ အရေးပေါ် အကူအညီအတွက် ၄၅ ရာခိုင်နှုန်း ပေးနိုင်သေးပြီး ပြန်လည် ထူထောင်ရေးအတွက် ကန်ဒေါ်လာ ၃၇ သန်းခန့် လိုအပ်ကြောင်းနှင့် လူနှစ်သိန်းကျော်အတွက် စားနပ်ရိက္ခာများ လိုအပ်သေးကြောင်း ပြီးခဲ့သည့်လ ၂ဝ ရက်နေ့ထုတ် ရန်ကုန် ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ UN-OCHA ၏ အစီရင်ခံစာ ထုတ်ပြန်ပြီးနောက် ပထမဆုံး နိုင်ငံရပ်ခြား အကူအညီ ဖြစ်သည်။
|
အမေရိကန်၏ ယခုအကူအညီမှာ ဂီရိသင့်ဒေသအတွက် ဒုတိယမြောက်ဖြစ်ပြီး၊ ယခင်က အရေးပေါ် အကူအညီအဖြစ် ဒေသခံ လူမှုကယ်ရေးအဖွဲ့များမှတဆင့် ဒေါ်လာသုံးသိန်း လှူဒါန်းခဲ့သေးသည်။
“ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ယူအဲန်အဖွဲ့အစည်းတွေအပြင် နိုင်ငံတကာ မိသားစု၊ အများအားဖြင့် ဥရောပ နိုင်ငံတွေနဲ့ လက်တင်အမေရိက နိုင်ငံတွေက ဝိုင်းဝန်းကူညီပေးတာကို ကျနော်တို့ ဝမ်းသာပါတယ်” ဟု ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။
သူက ဆက်ပြီး “ကျပ်သန်း ထောင့်နှစ်ရာလောက်

မဇ္ဈိမ
0 Responses to ဂီရိသင့်ဒေသသို့ ဒေါ်လာတသန်းခွဲ အမေရိကန် ကူညီ