(၁) ယနေ့ ၂၅ အောက်တိုဘာ ၂၀၁၀ ညနေ အထိ သိရသမျှ လူအသေအပျောက် စာရင်းမှာ မြေပုံမြို့နယ် တွင် အလောင်း ၇၄ လောင်းရရှိ သည်။
(၂) ပေါက်တောမြို့နယ်တွင် သေဆုံးသူ အနည်းဆုံး (၁၀) ဦး ရှိသည်။
(၃) မုန်တိုင်းဒဏ်ကို လုံးဝတိုက်ရိုက် ကြမ်းတမ်းစွာ ခံရသည့် မြေပုံမြို့နယ် ငမန်းရဲကျွန်းတွင် လူအသေအပျောက်လုံးဝမရှိ။ သို့ရာတွင် ရွာကိုးရွာမှာ အဆောက်အအုံဟူ၍ ဘာမှမကျန်အောင် တက်တက်ပြောင် ရှင်းလင်းသွားသည်။ မုန်တိုင်းအတွေ့အကြုံရှိသူများ ဖြစ်၍ အသေအပျောက် မရှိခဲ့ကြ။
(၃) အရပ်သား ကယ်ဆယ်ရေးသမားများကလည်း အလုပ်စသူစကြပြီ။ မျှော်လင့်ထားသည့်အတိုင်း အာဏာပိုင်အချို့ကလည်း တားဆီးနှောင့်ယှက်ခြင်းကို စတင်လုပ်ဆာင်ပြီဟု ကြားရသည်။
(၄) အဖမ်းခံရရင်ခံရပစေ၊ ကိုယ့် လူမျိုးတွေ ဒုက္ခရောက်သည့်အချိန်မှာ ကြောက်နေ၍ မဖြစ်တော့။ နည်းလမ်းရှာကာ ရှေ့တိုးလုပ်ဆောင်သွားမည်ဟု relief activitist တစ်ယောက်ကဆိုသည်။
(၅) ပြည်တွင်း ပြည်ပ သတင်းမီဒီယာများ အချိန်နှင့် တပြေးညီ သတင်းရနိုင်ဖို့အတွက် မြေပုံမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ဝင်း (RNDP) နှင့် အဆက်အသွယ်ရနိုင်လျှင်ကောင်းပါသည်။
0 Responses to ဂီရိမုန်တိုင်း နောက်ဆက်တွဲ သတင်းလွှာ (၂)