ကျောက်ဖြူမြို့ပေါ်တွင်    ရေဘေးဒုက္ခသည်များအတွက် အရးပေါ်အကူအညီများလို့အပ်နေကြောင်း ယနေ့ စက်တင်ဘာ    (၂၄) ရက် မြန်မာစံတော်ချိန် ၂ နာရီ ၅ မိနစ်အချိန် မေးမြန်းချက်တွင် ဒေသခံ    အမျိုးသမီး တစ်ဦး၏ ပြောပြချအရသိရသည်။
 “ရေဘေးဒုက္ခသည်တွေကတော့    ကညင်တောစာသင်ကျောင်းမှာ ၅၀၀ ကျော်လောက်ရှိတယ်။ အထက (၂)မှာလည်း ၅၀၀    ကျော်လောက်ရှိတယ်။ နောက်တခြားဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်း တွေမှာလည်း    ရေဘေးဒုက္ခသည်တွေ အများအကြီးရှိတယ်လို့ကြားတယ်။ အခုကတော့ ထမင်းထုတ်တွေ    လိုက်ဝေ နေတယ်။ ကျောက်ဖြူ အလက(၃)နှင့် ပညာရေးကော်လိပ်က    စောမဲကြည်အဆောင်ဆိုရင် လုံးဝပျက်စီးသွားတယ်။ ကျောက်ဖြူမှာတော့ တော်တော်လည်း    ဆိုးဆိုးရွားရွားပျက်စီးသွားတယ်။ မပျက်စီး တဲ့ အိမ်တောင်မကျန်ဘူး။    စေတီတောင်ကွင်းနဲ့ ဆားပြင်ကွင်းမှာဆိုရင် ဆက်လက် ရေမြုပ် နေတုန်းပဲ ရှိသေးတယ်။ ရေကလုံးဝကျမသွားသေးဘူး။ အိမ်တွေကတော့ အကုန်လုံးရေမြုပ်နေတာပေါ့။ ကျောက်ဖြူ    နယ် တွေမှာလည်း အပျက်အစီးများတယ်လို့ကြားတယ်။ တချို့ရွာတွေဆိုရင်    အိမ်တွေလုံးဝ ပျက်စီးသွားတယ် လို့ကြားတယ်။ ၀ါးဈေးကလည်းအရမ်းဈေးကြီးတယ်    ၀ါး ၁၀၀ ကို ၂ သောင်းခွဲရှိတယ်။  စစ်တပ်က လေယာဉ် တစ်စီးနဲ့  ပစ္စည်းတွေ   သယ်လာတယ်လို့လည်းကြားတယ်။ ဒါပေမယ့် အဲ့ဒီပစ္စည်းတွေက ရေဘေးဒုက္ခသည်  တွေ   အတွက်တော့မဟုတ်ဘူး။ စစ်တပ်မှာပျက်စီးသွားတာတွေကို ပြန်လုပ်ဖို့နဲ့  ရေဘေးဒဏ်ခံရတဲ့ စစ်တပ် မိသားစုတွေကို ကူညီဖို့သယ်လာတာလို့တော့သိရတယ်။ ရေဘေးဒုက္ခသည်တွေကိုတော့ အာဏာပိုင်တွေက ထိထိရောက်ရောက် ကူညီပေးတာတော့မရှိသေးဘူး။ ဒီနေ့ရာသီဥတုအခြေအနေကတော့ ကောင်းပါ တယ်”ဟု ၎င်းဒေသခံကဆိုသည်။
“ကျောက်ဖြူမြို့နယ်တွင် စားနပ်ရိက္ခာ၊ ဆေးဝါး၊ သောက်သုံးရေနှင့် ပြန်လည် ဆောက်လုပ်ရေး ပစ္စည်း အရေးတစ်ကြီး လိုအပ်တယ်လို့ ” ၎င်းဒေသခံကဆက်လက်ပြောကြားပါတယ်။
မုန်တိုင်းကြောင့် ပုဇွန်ကန်၊ ဆားပြင်ကွင်းတွေပျက်စီးတယ်။ စပါးသိုလှောင်ရာနေရာများ၊ ကျောက်ဖြူမြို့ အမှတ် (၁) နှင့် အမှတ် (၂) သင်္ဘောဆိပ်ကမ်း၊ ငလပွေ့သင်္ဘောဆိပ်ကမ်းများလည်း လုံးဝပျက်စီးသွားကြောင်း၊ ကျောက်ဖြူမြို့နယ်ကို ပတ်ထားသည့် ရေမဝင်အောင် တားဆီးထားသော ရေငန်တာကြီးလည်း ကျိုးပေါက်သွားခဲ့ကြောင်း သိရှိရသည်။
ဂီရိ    မုန်တိုင်း တိုက်ခတ်မှုကြောင့် မာန်အောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ အမ်း၊    မြေပုံ၊ မင်းပြား၊ စစ်တွေ၊ ပေါက်တောမြို့နယ်များတွင်    ထိခိုက်မှုများရှိခဲ့သည်။ ယခုအချိန်တွင် သေဆုံးသူများ စာရင်းကို အတိအကျ    မရရှိသေးပါ။
နောက်ဆက်တွဲရရှိသည့် သတင်းများကိုလည်း ဖော်ပြပေးပါမည်။
 http://maygawaddyfamily.blogspot.com/
 
 
 Posts
Posts
 
 
 
 
0 Responses to ကျောက်ဖြူတွင်ရေဘေးဒုက္ခသည်များ အရေးပေါ် အကူအညီများလိုအပ်နေ