Posted by
ကျောက်ဖြူသားချေ
Tuesday 26 October 2010
ဒီကနေ့ အောက်တိုဘာလ (၂၄) ရက် ညနေ ၈ နာရီတွင် မြန်မာ့ရုပ်မြင်သံကြား သတင်းထုတ်လွှင့်ချက်မှာ မြေပုံမြို့နယ်တွင် ၂၂ ဦး သေဆုံးခဲ့ပြီး ၂၅ ဦးပျောက်ဆုံးနေဆဲ ဖြစ်ကြောင်းနဲ့ မင်းပြားမြို့နယ်တွင် ၅ ဦး သေဆုံးကြောင်း ကြေညာသွားတယ်လို့ ဧရာဝတီ ဘလော့ဂ်မှာ ဖော်ပြထားပါတယ်။
သို့သော် ခေတ်ပြိုင်သတင်းဌါနက ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ တာဝန်ရှိသူတဦးကို မေးမြန်း ထားသည့် အချက်အလက်နဲ့ မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်သွားတဲ့ အချက်အလက်က ကွာခြားမှု ရှိနေပါတယ်။
ခေတ်ပြိုင်သတင်းဌါနက ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ တာဝန်ရှိသူတဦးကိုမေးမြန်းထားရာတွင် “ကျနော်တို့ ရွေးကောက်ပွဲဝင်မယ့် (၁၇) မြို့နယ်မှာ (၅) မြို့နယ်က ဆိုးဆိုးရွားရွား ထိခိုက်သွားတယ်။ ကျနော်တို့ လောလောဆယ် ရထားတဲ့ စာရင်းအရ မြေပုံမြို့နယ်မှာ (၃၄) ဦး၊ ကျောက်ဖြူမှာ (၁) ဦး၊ ကျောက်ဖြူနဲ့ မျက်နှာချင်းဆိုင် ကျွန်းသာယာမှာ (၉) ဦး၊ ပေါက်တောမှာ (၁ဝ) ဦး ရှိတယ်။ အားလုံး စာရင်းတွေ တက်လာရင် လူပေါင်း ရာကျော် သေနိုင်တယ်လို့ ခန့်မှန်းတယ်။ အပျက်အစီးလည်း များတယ်။ မြေပုံမှာဆိုရင် မြို့ (၉ဝ) ရာခိုင်နှုန်းလောက် ပျက်စီးသွားတယ်။ အခု ကျနော်တို့လည်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး လုပ်တာကို ရပ်ထားပြီး အဲဒီ မုန်တိုင်းဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေရတယ်။ ဒီနေရာတွေမှာ ရွေးကောက်ပွဲ လုပ်မလား၊ မလုပ်ဘူးလား မသိနိုင်သေးဘူး။ ကျနော်တို့ ပြည်သူတွေတော့ အတော် ထိခိုက်သွားတယ်” ဟု ပြောကြောင်း ခေတ်ပြိုင်သတင်းတွင် ဖော်ပြထားပါသည်။
http://www.maygawaddyfamily.blogspot.com/
0 Responses to ရခိုင်တိုင်းရင်းသာများတိုးတက်ရေးပါတီမှရရှိထားသည့် လူအသေအပျောက်စာရင်းဇယားနဲ့ မြန်မာ့ရုပ်မြင်သံကြား သတင်းထုတ်လွှင့်ချက် စာရင်းဇယား ကွာခြားမှုရှိနေ