ဂီရိလေမုန်တိုင်းသင့်ဒေသတို့တွင် ၀မ်းရောဂါဖြစ်၊ (၄) ဦး သေဆုံး
ကျောက်ဖြူမြေပုံနှင့် မင်းပြားမြို့နယ်တွေမှာ ဝမ်းရောဂါတွေဖြစ်ပွားနေပြီး မြေပုံမြို့မယ်မှာ လူ ၄ ဦးသေဆုံးခဲ့တယ်လို့ လေဘေးကူညီရေအဖွဲ့ကပြောပါတယ်။
မြေပုံမြို့နယ် တောင်ရင်ကြီးကျေးရွာ၊ ငပိရွာပြင်ရွာနဲ့ ကန့်ဘီလူးရွာတွေမှာ သောက်သုံးရေပြတ်လပ်မှုနဲ့ ကြုံတွေ့နေရပြီး မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေတာကြောင့် ဝမ်းရောဂါ ဆိုးဆိုးရွားရွားဖြစ်ပွားနေပြီး တောင်ရင်းကျေးရွာမှာ သေဆုံးသူ ၄ ဦးရှိတယ်လို့ ရခိုင်အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ဆိုပါတယ်။
ကျြော်ဖူမြို့နယ်မှာလည်း လူ ၂၀၀ လောက်ဝမ်းရောဂါဖြစ်နေပြီး မင်းပြားမြို့နယ်ထဲက ကျေးရွာတွေမှာလည်း ဝမ်းရောဂါတွေဖြစ်ပွါးနေတယ်လို့သိရပါတယ်။
လတ်တလောမှာတော့ ပြည်တွင်းအန်ဂျီအိုဖြစ်တဲ့ မင်္ဂလာမြန်မာနဲ့ ကရုဏာဖောင်ဒေးရှင်း တို့က ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ပေးနေပေမယ့် အရေးပေါ်အကူအညီတွေကတော့ လိုအပ်နေဆဲ ဖြစ်တယ်လို့ ဒေါက်တာ အေးမောင်ကပြောပါတယ်။
( ဒီဗွီဒီ မှကူးယူဖော်ပြပါသည်။)
0 Responses to ဂီရိလေမုန်တိုင်းသင့်ဒေသတို့တွင် ၀မ်းရောဂါဖြစ်၊ (၄) ဦး သေဆုံး